ပီထုန်ထန် ရှင်နာဝပ် နောက်ထပ် တိုင်စာတစ်ခုနှင့် ရင်ဆိုင်နေရ


(နိုင်ငံတကာ) စက်တင်ဘာ ၁၅

ထိုင်းနိုင်ငံဝန်ကြီးချုပ်အသစ်ဖြစ်သည့် ပီထုန်ထန် ရှင်နာဝပ်သည် ၎င်းကို ရာထူးမှ ဖြုတ်ချနိုင်လောက်သည့် နောက်ထပ် တိုင်စာတစ်ခုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အဆိုပါ တိုင်စာကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြတိုင်ကြားထားခြင်းဖြစ်ပြီး တိုင်စာပါအကြောင်းအရာမှ ပီထုန်ထန်ရှင်နာဝပ်အနေဖြင့် ပြည်နယ်ရွေးကောက် ပွဲကာလ အတွင်း အကျင့်ပျက်ခြစားမှုနှင့် ဆက်စပ်နေသူတစ်ဦးကို ဝန်ကြီးအဖြစ်ခန့်အပ်ထားမှုဖြစ်သည်။

ထိုဝန်ကြီး မှာ ၂၀၂၀ ပြည့်နှစ် ကန်ချနာဘူရီပြည်နယ် ရွေးကောက်ပွဲတွင် အမျိုးသားတစ်ဦးက ယင်းဝန်ကြီးကိုယ်စား မဲများကို ဝယ်ယူမှု ကျူးလွန်ခြင်းနှင့် ဆက်စပ်နေသူ ဖြစ်သည်။

ပီထုန်ထန် ရှင်နာဝပ်သည် ဝန်ကြီးချုပ်ရာထူအဖြစ်တာဝန်ယူပြီး မကြာမီမှာပင် အတိုက်အခံအဖွဲ့များ၏ စွပ်စွဲမှုများစွာနှင့် ရင်ဆိုင်လာရသူဖြစ်သည်။ ထိုစွပ်စွဲချက်များတွင် ပီထုန်ထန် ရှင်နာဝပ်အနေဖြင့် ၎င်း၏ဖခင် သက်ဆင် ရှင်နာဝပ်၏ ထီးရိပ်အောက်တွင် တာဝန်ထမ်းဆောင်နေသည်ဟူသော စွပ်စွဲချက်လည်း ပါဝင်ကြောင်း Bangkok Post သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN