ကြီးအုံကြီးဝတမံ စိုးရိမ်ရသည့် အခြေအနေမရှိဟု ပြော


(ပြည်တွင်း) စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြိုနယ်အတွင်းရှိ ကြီးအုံကြီးဝတမံ သည် ရေပိုလွှမှ ရေကျော်နေသော်လည်း စိုးရိမ်ဖွယ်အခြေအနေတွင် မရှိကြောင်း ကြီးအုံကြီးဝရေလှောင် တမံက ရေကင်းတာဝန်ခံ တစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၁၃ ရက် တိုင်းထွာချက်အရ ကြီးအုံကြီးဝ ရေလှောင်တမံရေပိုလွှမှ ၃ ဒသမ ၆ ပေခန့် ရေကျော်နေ ကြောင်း သိရပါတယ်။

ဒါပေမယ့် တမံနှင့်ဆက်စပ်အဆောက်အအုံများဟာ ကြံ့ခိုင်ကောင်းမွန်နေသောကြောင့် တမံ အောက်ဘက် မှဒေသခံများအတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်း အဆိုပါ တာဝန်ခံက ဆက်လက်ပြောပါတယ်။ လက်ရှိတွင် တမံ၌ သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးစီမံချက်အရ အစိမ်းရောင်အလံ စိုက်ထူထားကာ အချိန်နှင့် တစ်ပြေးညီ အသိပေး၊ သတိပေးနှိးဆော်ချက်များ ထုတ်ပြန်ဆောင်ရွက်ပေးနေပါတယ်။

ဒါ့အပြင် ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေနှင့် တမံရေပိုလွှဲမှရေကျော်ကျမှု အခြေအနေများကို တမံရေကင်းတာဝန်ခံဦးစီးအရာရှိများရဲ့ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ၂၄ နာရီ ရေကင်းတာဝန်များကို စောင့်ကြပ်ကြည့်ရှု စစ်ဆေးနေကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN