ကျောက်တံခါးမြို့နယ်တွင် အမျိုးသမီးတစ်ဦးအား အကြမ်းဖက်သမားများမှ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွား


(ပြည်တွင်း) စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က သာမာန်လယ်ယာလုပ်ကိုင်နေသူ အပြစ်မဲ့ပြည်သူအမျိုးသမီးတစ်ဦးအား အကြမ်းဖက် KNU/PDF အဖွဲ့များမှ နေအိမ်သို့လာရောက်၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ သတင်းအရ နယ်မြေခံလုံခြုံရေးအဖွဲ့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာတွင် သေဆုံးသူ အမျိုးသမီးမှာ ဒေါ်မြသီတာ၊ အသက် ၄၉ နှစ်၊ (ဘ)ဦးစိန်ကြိုင်၊ ဇရပ်ခင်ရွာသစ်ကျေးရွာ၊ ဇရပ်ကျေးရွာအုပ်စု၊ ပဲနွယ်ကုန်း၊ ကျောက်တံခါးမြို့နယ်နေသူဖြစ်ပြီး သေဆုံးသူတွင် ယာပါးမှ ဝဲဘက် ကျောကုန်းသို့ ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲနံရိုးအောက်မှ ကျောကုန်းသို့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးလျက်တွေ့ရှိရကြောင်း သိရှိရသည်။

၎င်း၏ ခင်ပွန်း ဦးဌေးအောင်အား စုံစမ်းမေးမြန်းခဲ့ရာ စက်တင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဇနီးဖြစ်သူသည် နေအိမ်ရှေ့လမ်းမပေါ်တွင် ရှိနေစဉ် သောင်းကျန်းသူ စိစစ်ဆဲ ၂ ဦးမှာ မျက်နှာအား ပါဝါအုပ်စီးလျှက်၊ ဆိုင်ကယ်အမျိုးအစား(စိစစ်ဆဲ)ဖြင့်ရောက်ရှိလာကာ သေနတ်အမျိုးအစား (စိစစ်ဆဲ) ၂ လက်အားကိုင်ဆောင်၍ ရောက်ရှိလာပြီး “ခင်ဗျားအမျိုးသား ဘယ်သွားလဲ”ဟု မေးမြန်းရာ ဒေါ်မြသီတာမှ “မသိဘူး”ဟုပြောဆိုစဉ် အဆိုပါ အမည်မသိ အကြမ်းဖက်သောင်းကျန်းသူ ၂ ဦးမှ အသင့်ပါရှိလာသော သေနတ်ဖြင့် (၂) ချက်ပစ်ခတ်ကာ ဆိုင်ကယ်အား အရှိန်ပြင်းစွာ မောင်းနှင်ပြီး သဲဖြူရွာသစ်ကျေးရွာ ဘက်သို့မောင်းနှင်းထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ ဒေါ်မြသီတာအား မှုခင်းဆေးစာဖြင့် ပဲနွယ်ကုန်း တိုက်နယ်ဆေးရုံသို့ တင်ပို့စစ်ဆေးခဲ့ရာတွင် ယာဘက်ခြမ်း အဆုတ် ဖောက်ဝင်ဒဏ်ရာ၊ အသဲဖောက်ဝင်ဒဏ်ရာ၊ အစာအိမ်ဖောက်ဝင် ဒဏ်ရာတို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN