စက်တင်ဘာ ၁၄
ယမန်နေ့ည ၈ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ဟားခါးမြို့ ပြည်နယ်အစိုးရရုံးကို CDF အဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့ရာ ညပိုင်း ၉ နာရီ ၁၀ မိနစ်ခန့်အထိ အအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်းသိရသည်။
ဟားခါး View Point အနီးတွင် ယမန်နေ့မနက်ပိုင်း ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဆွဲမိုင်း တစ်ခုပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။ ထိုသို့ ပေါက်ကွဲပြီး ခဏအကြာတွင် အကြမ်းဖက် CDF အယောက် ၂၀ ခန့်က လက်နက်ကိုယ်စီနှင့် ထွက်လာကြောင်း ၎င်းတို့မှာ Microwave ရုံးပျက်အတွင်း ပုန်းနေခြင်း ဖြစ် ကြောင်း၊ ထို့နောက် မြို့ဟောင်းဖက်ကို ၎င်းအကြမ်းဖက် CDF အဖွဲ့များ ဆင်းသွားကြောင်း
ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
အကြမ်းဖက်CDF အဖွဲ့များသည် ယောင်ပြပြီး သေနတ်ခတ်လိုက် အခြားနေရာသို့ ရွှေ့ပြီး သေနတ်ခတ်လိုက်လုပ်နေကြောင်း၊ လုံခြုံရရေးအဖွဲ့များကလည်း ညပိုင်းဆိုတော့ မှိုင်းတွေအရမ်းပိတ်တော့ ပေ ၂၀ တောင်မမြင်ရကြောင်း ဒေသခံက တစ်ဦးက PAN သို့ ပြောကြားလာခဲ့ပါသည်။
ယမန်နေ့မနက်ပိုင်း ပစ်ခတ်မှုဖြစ်စဥ်ကြောင်း အသက် ၇၂ နှစ်အရွယ် ထွေအုပ်အငြိမ်းစား ၁ ဦး အိပ်ယာပေါ်တွင်ကြည်ထိမှန်ပြီ သေဆုံးသွားခဲ့သည်ဟု အဆိုပါ ဒေသခံများ၏ပြောပြချက်အရ သိရပါသည်။
Telegram»…
https://t.me/positiveanglenews
#PAN