ရေတာရှည်မြို့တွင် ယာယီရေဘေးရှောင်ခိုလှုံနေသော ပြည်သူများနေထိုင်ရာ အဆောက်အဦးပေါ်သို့ သစ်ပင်ပြိုလဲကျသဖြင့် ထိခိုက်သေဆုံးမှုဖြစ်ပွား

********
(ပြည်တွင်း) စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော ဓမ္မာရုံအဆောက်အဦးပေါ်သို့ အနီးရှိ သစ်ပင်မှ ရုတ်တရက်လဲပြိုကျခဲ့ရာ  ယာယီရေဘေးရှောင်ပြည်သူများ သေဆုံး /ထိခိုက်ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရပါတယ် ။

ဖြစ်စဥ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ရေတာရှည်မြို့ရှိ မက်ဒက်ကယ်ဘုရားတွင် ရုတ်တရက်ရေကြီးမှုကြောင့် နေအိမ်များအား စွန့်ခွါ၍ ယာယီရေဘေးရှောင်နေသော ပြည်သူအများလာရောက်ခိုလှုံလျှက်ရှိသော ဓမ္မာရုံ အဆောက်အဦးပေါ်သို့ အနီးရှိ နှစ်ရှည်စိုက်ပျိုးထားသော အင်ပင်မှ ရုတ်တရက်လဲပြိုကျမှုဖြစ်ပွားခဲ့ရာ လာရောက်ခိုလှုံနေကြသော ပြည်သးများအနက်မှ ကွမ်းအုံကျေးရွာနေ အမျိုးသမီး(၁)ဦး သေဆုံးခဲ့ပြီး ၊  အမျိုးသား(၂)ဦး၊အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၃)ဦးမှာ ပြင်းထန်ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည် ။

ထိခိုက် ပြင်းထန် ဒဏ်ရာရရှိသူများအား ရေတာရှည်မြို့နယ်ဆေးရုံမှတစ်ဆင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရပါသည်။

Telegram»…
https://t.me/positiveanglenews

#PAN