ယူအက်စ်အက်စ်သီအိုဒိုရုစဗဲ့လေယာဉ်တင်သင်္ဘော အရှေ့အလယ်ပိုင်းမှ အာရှပစိဖိတ်သို့ထွက်ခွာ

**
(နိုင်ငံတကာ) စက်တင်ဘ ၁၄

အရှေ့အလယ်ပိုင်းဒေသ၌ ဖြန့်ကြက်ထားသည့် အမေရိကန်ရေတပ် လေယာဉ်တင် သင်္ဘော နှစ်စီးအနက် တစ်စီးမှာ အရှေ့အလယ်ပိုင်းမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

အမေရိကန်နိုင်ငံသည် အစ္စရေးကို အီရန်က တိုက်ခိုက်လာမည့်အရေးကို ဟန့်တားရေးအတွက် အရှေ့ အလယ်ပိုင်းဒေသသို့ ယူအက်စ်အက်စ်သီအိုဒိုရုစဗဲ့ လေယာဉ်တင် သင်္ဘောနှင့် ယူအက်စ်အက်စ်အေဘရာ ဟမ်လင်ကွန်း လေယာဉ်တင်သင်္ဘောတို့ကို စေလွှတ်ထားခဲ့သည်။ 

သို့သော် လက်ရှိအချိန်တွင် ယူအက်စ်အက်စ်သီအိုဒိုရုစဗဲ့ လေယာဉ်တင်သင်္ဘောမှာ အရှေ့အလယ်ပိုင်း ဒေသမှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။


 ယူအက်စ်အက်စ်သီအိုဒိုရုစဗဲ့ လေယာဉ် တင်သင်္ဘောသည် အရှေ့အလယ်ပိုင်းမှ ထွက်ခွာခဲ့ပြီးနောက် အာရှ-ပစိဖိတ်ဒေသဘက်သို့ ဦးတည်နေကြောင်း သိရသည်။

ယူအက်စ်အက်စ်အေဘရာဟမ်လင်ကွန်း လေယာဉ်တင် သင်္ဘောကမူ အရှေ့အလယ်ပိုင်းဒေသ၌ ဆက်ရှိနေလိမ့်မည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယူအက်စ်အက်စ်သီအိုဒိုရုစဗဲ့ လေယာဉ်တင် သင်္ဘောသည် အရှေ့အလယ်ပိုင်းဒေသ ရေပြင်အတွင်း ယူအက်စ်အက်စ်အေဘရာဟမ်လင်ကွန်းနှင့်အတူ အရှေ့အလယ်ပိုင်းဒေသ၌ ရက်သတ္တသုံးပတ်ကြာ ပူးတွဲလှုပ်ရှား ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN