ညှိနှိုင်းခြင်းကသာ ယူကရိန်းပဋိပက္ခကို အဆုံးသတ်စေမည်ဟု တရုတ်ပြော

***************************

(နိုင်ငံတကာ) စက်တင်ဘာ ၁၄

တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ညှိနှိုင်းခြင်းကသာ လက်ရှိဖြစ်ပွားနေသော ယူကရိန်းပဋိပက္ခကို အဆုံးသတ် စေမည့် တစ်ခုတည်းသောအဖြေဖြစ်ကြောင်း တရုတ်ကာကွယ် ရေးဝန်ကြီးက ပြောသည်။ 

ထို့ပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းမှုမှတစ်ဆင့် ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်ရန် ကာကွယ်ရေးဝန်ကြီးက တောင်းဆိုထားသည်။ 

စစ်ပွဲဖြစ်ပွားခြင်းနှင့် ပဋိပက္ခဖြစ်ပွားခြင်းတွင် အနိုင်ရရှိသူ မရှိသည့်အပြင် မည်သည့်နေရာတွင်မဆို ထိပ်တိုက်တွေ့ဆုံမှုများကိုသာ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ 

ပေကျင်းမြို့၌ ကျင်းပသော ရှန်းရှန်ကာကွယ်ရေးနှင့် လုံခြုံရေးဖိုရမ်၌ တရုတ်ကာကွယ် ရေးဝန်ကြီးက ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

အဆိုပါဖိုရမ်သို့ ရုရှားနှင့်ယူကရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံပေါင်း ၁၀၀ ဝန်းကျင်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

https://t.me/positiveanglenews

PAN