ဩစတြေးလျ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု ကုမ္ပဏီတစ်ခုက စွမ်းဆောင်ရည်မြင့် မောင်းသူမဲ့သံချပ်ကာ ယာဉ်ကို ပြသခဲ့

(နိုင်ငံတကာ)စက်တင်ဘာ ၁၃

       ဩစတြေးလျနိုင်ငံ၏ ကာကွယ်ရေးပစ္စည်းထုတ် လုပ်မှု ကုမ္ပဏီတစ်ခုဖြစ်သော ဘီအေအီးကုမ္ပဏီက စွမ်းဆောင်ရည်မြင့် မောင်းသူမဲ့သံချပ်ကာယာဉ်ကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။ ထိုသံချပ်ကာယာဉ်သည် ကုန်ကျစရိတ် ကုန်ကျရကျိုးရှိစေသည့် ဘီးရှစ်လုံးတပ် မောင်းသူမဲ့သံချပ်ကာယာဉ်ဖြစ်ပြီး အနာဂတ်တိုက်ပွဲများတွင် အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်သွားနိုင်မည်ဖြစ်သည်။

     ၎င်း၏စွမ်းဆောင်ရည်များအနက် တစ်ခုက လမ်းကြမ်း ဖြစ်စေ၊ လမ်းချောဖြစ်စေ မည်သည့်နေရာတွင်မဆို အတားအဆီးများကို အလို အလျောက် ကျော် လွှားနိုင်ခြင်း ဖြစ်သည်။ ထို့ပြင် လမ်းကြောင်းကို ကြိုတင်သတ်မှတ်နိုင်သော နည်းဗျူဟာမြောက် ဆုံးဖြတ်ချက်များကိုလည်း ကိုယ်တိုင်ချမှတ်နိုင်စွမ်းရှိသည်။

      အလားတူ အဓိကလက်နက်အနေဖြင့် အပေါ့စားအလိုအလျောက် ဆုံလည်ပေါ်တွင် ၂၅ မီလီ မီတာ စက်အမြောက်ကို တပ်ဆင်ပေးထားသည်။ ထိုလက်နက်ကို တပ်ဆင်ပေးထားမှုကြောင့် မီတာ ၂,၅၀၀ အကွာအဝေးရှိ ပစ်မှတ်များကိုပင် ထိမှန်အောင် ပစ်ခတ်နိုင်စွမ်းရှိသည်။ ထိုသံချပ်ကာယာဉ်ကို သုံးခြင်းအားဖြင့် သေရေးရှင်ရေး တမျှ အရေးကြီးသော စစ်မြေပြင်တွင် စစ်သည်များကို သက်သာရာ ရစေမည်ဖြစ်ကြောင်း သိရသည်။

#PAN