နေပြည်တော်ရေကြီးမှု သေဆုံးသူ ၁၉ ဦးထိရှိလာ


(ပြည်တွင်း) စက်တင်ဘာ ၁၃

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှငိ့် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာ (၁၀) ရက်နေ့မှစတင်ကာ နေပြည်တော်ပြည်ထောင်စြနယ်မြေအတွင်းရှိမြို့နယ်များတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကြီးနစ်မြုပ်သည့်နေရာများရှိ ဒေသခံပြည်သူများအား တပ်မတော် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများမှ ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရွက်နေကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေသည့်နေရာ(၃၀) မှ ရေဘေးသင့်ပြည်သူ (၃၆၀၂) ဦးတို့အား ရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ရေကြီးနစ်မြုပ်မှုဖြစ်စဉ်အတွင်း သေဆုံးသူ ကျား(၆)ဦး၊ မ(၁၃)ဦး၊ စုစုပေါင်း(၁၉)ဦး သေဆုံးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီခွဲ အချိန်မှစတင်ကာ တပ်ကုန်း မကျီးပင်ကျေးရွာမှ (၁၅၀)ဦး၊ ရွာသစ်ကျေးရွာနှင့် အနော်ရထာရပ်ကွက်မှ (၁၂၉)ဦး၊ နေရောင်ပြအင်း၊ ဘဲကုန်းရွာ၊ ပုဗ္ဗ ဝက်အင်းရွာမှ (၁၂)ဦး၊ အေးမြင့်သာယာ၊ စက်ကုန်းရွာ၊ တန်ပိုစုရွာ၊ ချောင်းစောက်ရွာနှင့် ပေါက်တောရွာတို့မှ (၇၀၅)ဦး၊ ပျဉ်းမနားနှင့် မအူပင်ရွာမှ (၂၄)ဦး၊ ပျဉ်းမနားသကြားစက်၊ ဘုန်းကြီးကျောင်း၊ ညောင်ပင်သာရွာ၊ သနပ်ရှေ့ရွာနှင့် ကျွန်းဦးရွာမှ (၆၅၁)ဦး၊ ဝက်ကုန်းနှင့် ပေါက်တောရွာမှ (၃၉၉)ဦး၊ ပုဗ္ဗသီရိတောက်ထိန်ရွာမှ (၂၀)ဦး၊ ကင်းသာလမ်းခွဲနှင့် ပင်လောင်းလမ်းဆုံမှ (၁၈)ဦး၊ ရွာသစ်ကျေးရွာမှ (၅၇)ဦး၊ ဘုရင့်နောင်ရပ်ကွက်နှင့် ဘိုးဘွားရိပ်သာမှ (၃၀)ဦး၊ မကျီးပင်ကျေးရွာမှ (၄၈၂)ဦး၊ မကျီးပင်အုပ်စုနှင့် ညောင်ပင်သာရွာမှ (၂၅၈)ဦး၊ ကျီးဖြူရိုး ၊ ဆင်သေ၊ ဈေးကုန်း၊ နှမ်းတော၊ သစ်ဆိမ့်ပင်၊ ဇီးဖြူပင်၊ နတ်သူရဲနှင့် ပေါစံခေါရွာတို့မှ (၄၄၇)ဦး၊ လယ်ဝေး၊ ဟေမာန်ကျေးရွာနှင့် သစ်စိမ်းကျေးရွာတို့မှ (၁၅၀)ဦး၊ ကွမ်းခြံကျေးရွာမှ (၇၀)ဦးတို့အား ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမိးသတ်တပ်ဖွဲ့ထံမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN