နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေဘေးရှောင်စခန်း ၃၅ ခုဖွင့်လှစ်၍ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများဆောင်ရွက်

(ပြည်တွင်း) စက်တင်ဘာ ၁၃

     နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့အတွင်း ရေဘေးရှောင်စခန်း ၃၅ ခုဖွင့်လှစ်၍ နေပြည် တော် ပြည်သူ့ကျန်းမာ ရေး၊ ကုသရေးဦးစီးဌာနမှ ဆရာဝန် ၂၁ ဦး၊ အခြေခံကျန်းမာရေးဝန်ထမ်း ၁၂၇ ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

      ရေများပြန်လည်ကျဆင်းပြီးနောက် ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန် တုပ် ကွေးရောဂါ ကဲ့သို့ ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ရေတွင်းရေကန်များကို ရေဆိုးထုတ်ခြင်း၊ ကလို ရင်းဆေးခတ်ခြင်းနှင့် ခြင်ကျားလောက်လမ်းများ နှိမ်နင်းရန်အတွက် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဆက် လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

       နေပြည်တော်အတွင်း မင်္ဂလာဗျူဟာခန်းမ၊ သပြေတောင်နှင့် ပုဗ္ဗသီရိမြို့နယ် မရှိခဏဘုရားတို့တွင် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိကာ ကျန်းမာ ရေးဝန်ထမ်းများက ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကျန်းမာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း နှင့် တာဝန်ရှိသူများက လှည့် လည်ကြည့်ရှုခဲ့ပြီး ဆေးဝါးနှင့်ဆေးပစ္စည်းများ လုံလောက်စွာထောက်ပံ့နိုင်ရေး၊ ၂၄ နာရီ အချိန်ပြည့် ကျန်းမာ ရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ အစာမစားမီနှင့် အိမ်သာမှအထွက်တွင် စနစ်တကျ လက်ဆေးနိုင်ရေး၊ သန့်စင်သည့်ရေကို သောက်သုံးနိုင်ရေး၊ အစား အစာများကို သန့်ရှင်းစွာနှင့် ပူပူနွေးနွေးစားသုံးနိုင်ရေး၊ အမှိုက်များကို အဖုံးပါသည့် အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်နိုင်ရေး၊ ကူးစက် ရောဂါများ ကာကွယ်ရေးအတွက် ကျန်းမာရေး အသိပညာပေးရေးနှင့် ဆေးရုံသို့ လွှဲပြောင်းကုသရန်လိုအပ်သည့် လူနာများကို အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းကုသ နိုင်ရေးတို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

#PAN