နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများ ပြန်လည်ပြုပြင်

(ပြည်တွင်း) စက်တင်ဘာ ၁၃

    နေပြည်တော်ကောင်စီနယ်မြေအတွင်း  မိုးရွာသွန်းမှုများ၍ ဆင်သေချောင်းမှာ ရုတ်တရက်ရေလျှံခြင်းကြောင့် အဆိုပါချောင်းတစ်လျှောက်ရှိ ဆင်သေချောင်းတံတား(ပုပ္ပါးကုန်)၊ ဆင်သေချောင်တံတား(သိုက်ချောင်း)တို့တွင် တံတားကမ်းကပ်ခုံများပျက်စီးခြင်း၊ ချဉ်းကပ်လမ်း ရေတိုက်စား၍ လမ်းတာပေါင်ပျက်စီးခြင်း၊ တံတားရေလယ်တိုင် များ နိမ့်ကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်အပြင် အေးမြင့်သာယာတံတားနှင့် ကျောက်ချက်တံတားတို့လည်း ချဉ်းကပ်လမ်း အပါအဝင် ရေနစ်မြုပ်နေခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။

      လက်ရှိတွင် ဆင်သေချောင်းတံတား(ပုပ္ပါးကုန်း) ရေတိုက်စား၍ ပျက်စီးသွားသော တံတားထိပ်ခုံနှင့် လမ်းတာပေါင်နေရာကို ဘေလီတံတား ထိုး၍ ယာယီပြင်ဆင်မှုများဆောင်ရွက်ကာ အများပြည်သူသွားလာရေး အဆင်ပြေစေရန်နှင့် လမ်းပန်ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက် ရှိပြီး အဆိုပါလုပ်ငန်းခွင်သို့ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ နဲ့ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

     အဆိုပါ တံတားနေရာအား ဦးစားပေးပြင်ဆင်ပြီးပါက ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ကို ဆက်သွယ်သွားလာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်-မန္တလေးလမ်းမကြီး(လမ်းဟောင်း) တပ်ကုန်းမြို့အနီးရှိ အဆုံတံတားထိပ်ခုံများ ရေတိုက်စားခြင်း၊ လမ်းတာပေါင်များ ပျက် စီးနေခြင်းတို့ကြောင့် ယာယီဘေလီတံတားထိုး၍ ပြင်ဆင်နေသည့်ကာလအတွင်း လမ်း ပန်းဆက် သွယ်ရေး ပြတ်တောက်မှုမရှိစေရေး၊ ယာဉ်သွား လာမှုနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေးအတွက် ၎င်းတံတားနေရာအား ရှောင်ကွင်း၍ တပ်ကုန်းမှ အေလာသို့ တပ်ကုန်း-ဥတ္တရသီရိ အမှတ် (၂)လမ်းအတိုင်း ယာယီသွားလာနိုင်ရေးကို နေပြည် တော်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းလည်း သိရပါတယ်။

#PAN