ကျိုက်လတ်-ကျိုက်ပိကားလမ်းမဘေးရှိ နေအိမ်တစ်အိမ်မှ သံပန်းတံခါးအားချိုးဖေါက်ဝင်ရောက်ကာ ပစ္စည်းများခိုးယူခံရမှုဖြစ်ပွား


(မှုခင်း) စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စိန်ဟိုင်းကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာ၊ စိန်ဟိုင်းတံတားအနီး၊ ကျိုက်လတ်-ကျိုက်ပိကားလမ်းမဘေးရှိ နေအိမ်တစ်အိမ်မှ သံပန်းတံခါးအားချိုးဖေါက်ဝင်ရောက်ကာ ပစ္စည်းများခိုးယူခံရကြောင်း သိရသည်။

ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က ကျိုက်လတ်-ကျိုက်ပိကားလမ်းမဘေးနေ ကိုဇင်မောင်ဦး၏ နေအိမ်သံပန်းတံခါးချိုးအား ဖေါက်ဖျက်ဝင်ရောက်ကာ ဘီရိုသော့များကိုဖျတ်စီးပြီး၊ ဘီရိုအတွင်းထားရှိသော ကလေးဝတ်ရွှေထည် လက်စွတ်တစ်ကွင်းနှင့် လက်ကောက်တစ်ကွင်း ကာလတန်ကြေး ၁၅ သိန်းဝန်ကျင်ခန့် ယူဆောင်သွားခြင်းခံရကြောင်း ကနဦးသတင်းရရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN