DropBomb ကျရောက်ပေါက်ကွဲ သဖြင့် ခြံလုပ်သူ အရပ်သား တစ်ဦး ဒဏ်ရာရရှိ


စက်တင်ဘာ ၁၂
ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ခြံလုပ်သား ဦးဥာဏ်ထွန်း (၃၇)နှစ်၊ (ဘ)ဦးသိန်းထွန်းသည် သံဖြူဇရပ် မြို့နယ်‌နေသူသည် ၎င်းပိုင်ရာဘာခြံတွင် ငရုပ်ပင်စိုက်နေစဉ် အကြမ်းဖက်သောင်းကျန်းသူများ၏ Drop Bomb(၁)လုံး ကျရောက်ပေါက်ကွဲမှုကြောင့် သံဖြူဇရပ်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေကြောင်း လုံခြုံရေးအဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရပါသည်။

ဖြစ်စဉ်မှာ ဦးဥာဏ်ထွန်းသည် ၎င်းပိုင်ရာဘာခြံအတွင်း ငရုတ်စိုက်နေစဉ် အကြမ်းဖက်သမားများ၏ Drop Bomb(၁)လုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် ယာဘက်ကျော(၆)လက်မခန့် ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲကျောဘက် ပေါက်ပြဲဒဏ်ရာ(၁)ချက် (စိုးရိမ်ရ) ရရှိခဲ့သဖြင့်စခန်းကြီးကျေးရွာလူမှုကယ်ဆယ်ရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မှုခင်းဆေးစာရေးသားပေးပြီး သံဖြူဇရပ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း နယ်မြေခံများထံမှ သိရပါသည်။

#PAN