အံကောင်ကျေးရွာမြစ်ကမ်းဘေးရှိ အကြမ်းဖက်သောင်းကျန်းသူများ၏စခန်းအား တပ်မတော်မှ ရှင်းလင်း


(ပြည်တွင်း) စက်တင်ဘာ ၁၂

ယမန်နေ့ ည ၉ နာရီ ၃ မိနစ်အချိန်ခန့်တွင် ကော့ကရိတ်နယ်၊ မြေခံတပ်မှ ပစ်ခတ်သောလက်နက်ကြီးများသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ခြမ်းရှိ အံကောင်ကျေးရွာ မြစ်ကမ်းဘေးရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ အခြေပြုစခန်းပြုလုပ်သောနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

အဆိုပါ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသော အကြမ်းဖက်စခန်းယာယီဆေးကုတဲ၊ တန်းလျားရှည်နှင့် ယာယီတဲစခန်းများပေါ်သို့ ကျရောက်ပေါက်ကွဲရာ အကြမ်းဖက်သောင်းကျန်းသူ အများအပြားသေဆုံးပြီး ဒဏ်ရာရသူအများအပြားလည်းရှိကြောင်း မြေပြင်သတင်းများအရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN