ရေစီးနှင့်မျောပါလာသော တိုက်ဂီကြီးအားသွားကြည့်သည့် ရွာသားများ တိုင်ဂီပေါက်ကွဲမှုကြောင့် ဆေးရုံရောက်

(ပြည်တွင်း) စက်တင်ဘာ ၁၂

ရေကြီး ရေလျှံမှုဖြစ်ပွားနေသည့် နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် ရေစီးနှင့် မျောပါလာသော လောင်စာဆီတိုက်ဂီကြီးပေါက်ကွဲမှုကြောင့် သွားရောက်ကြည့်ရှု့သည့် ကျေးရွာသူ ကျေးရွာသား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ် သပြေချောင်းကျေးရွာ၊ ရွာတောင်ဘက် ခန့်မှန်း ၁မိုင်ခွဲခန့် လယ်ကွင်းထဲတွင် ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်၌ ရေစီးနှင့်မျောပါလာသည့် အဆိုပါဆီတိုင်ဂီကြီးအား ကျေးရွာမှ ရွာသူ/ရွာသားများမှ သွားရောက် ကြည့်ရှုနေစဥ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆီတိုင်ဂီပေါက်ကွဲမှုကြောင့် မအိမွန်. ၃၈ နှစ် (မစိုးရိမ်ရ)၊ ဦးသောင်းထိုက် ၃၅ နှစ်(မစိုးရိမ်ရ)၊ ဦးဖြိုးဖြိုး. ၃၅ နှစ် (မစိုးရိမ်ရ)၊ ဦးလွင်ကို. ၂၅နှစ် (မစိုးရိမ်ရ)၊ ဦးကိုကိုပိုင်. ၄၀ နှစ် (မစိုးရိမ်ရ)၊ ဦးနိုင်လင်း. ၂၅ နှစ် (မစိုးရိမ်ရ)၊ ဦးသန်းမောင်. ၆၅ နှစ် (မစိုးရိမ်ရ)၊ ဦးသိန်းကို.၃၃ နှစ် (မစိုးရိမ်ရ)၊ ဦးကဲတင်.၃၈ နှစ် (မစိုးရိမ်ရ)၊ ဦးအောင်သူ.၃၆နှစ် (မစိုးရိမ်ရ)၊ ဦးစောကိုကိုလွင်.၂၇နှစ် (မစိုးရိမ်ရ)၊ ဦးသန်းဇော်ဦး (မစိုးရိမ်ရ) တို့ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား ဇေယျာသီရိမြို့နယ် ကုတင် ၅၀ ဆေးရုံသို့​ပို့ဆောင်ပေးထားကာ ဆေးကုသလျှက်ရှိကြောင်းသိရသည်။

#PAN