မြန်အောင်မှ ဧရာဝတီမြစ်ကမ်းပါး ထပ်မံပြိုကျ‌မှုကြောင့် နေအိမ် ၅ လုံးပြောင်းရွှေ့ရ

(ပြည်တွင်း) စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ အမှတ် ၁ ရပ်ကွက်၊ မကျီးစုတာမိုင် (၆/၃) အနီးမှ ဧရာဝတီမြစ်ကမ်းပါးမှာ ထပ်မံပြိုကျ‌ခဲ့ခြင်းကြောင့် နေအိမ် ၅ လုံး ပြောင်းရွှေ့ခဲ့ရ​ကြောင်း သိရသည်။

ရေဘေးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားသည့် ဧရာဝတီမြစ်ကမ်းပါးနေရာတွင် ယမန်နေ့ စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ထပ်မံပြိုကျ‌ခဲ့ကြောင်းသိရသည်။

ယင်းမြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ် ၅လုံး အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး လူနှင့်တိရိစ္ဆာန်များထိခိုက်သေဆုံးမှုမရှိကြောင်းသိရသည်။

#PAN