ရမည်းသင်းမြို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေ

(ပြည်တွင်း) စက်တင်ဘာ ၁၁

ရမည်းသင်းမြိုနယ်၌ စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြိုတွင်းဗိုလ်ချုပ်‌ကြေးရုပ်‌ရှေ့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ် ရေကျော်ခြင်း၊ မြိုပေါ်ရပ်ကွက်ကြီး ရွေစည်းခုံရပ်ကွက်၊ ဗမကကျောင်းတိုက်စုရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ ဝါတိုးရပ်ကွက်၊ ကြည်တော်ကုန်းရပ်ကွက်နှင့် ကျေးရွာများအတွင်း ရေဝင်ခြင်းမျာ းဖြစ်ပေါ်လျက်ရှိကြောင်းနှင့် အထက-၁ ကျောင်း အရှေ့ဘက် အုတ်တံတိုင်း ၃ ခန်း ပြိုကျသွားကြောင်း သိရသည်။