မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပနေစဉ် အကြမ်းဖက် PDF အဖွဲ့ မှ ပြည်သူနှစ်ဦးအား ဖမ်းဆီး


(ပြည်တွင်း)စက်တင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ (အ.ထ.က)ကင်းတပ်ကျောင်းတွင် စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီအချိန်ခန့်က အလယ်တန်းကျေင်းသားများအတွက် မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပနေစဉ် အကြမ်းဖက် PDF အဖွဲ့ အင်အား ၁ဝ ဦးခန့်တို့မှ လက်နက်ငယ်ကိုယ်စီ ကိုင်ဆောင်ရောက်ရှိလာပြီး အရပ်သားပြည်သူ ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

​အကြမ်းဖက် PDF အဖွဲ့ဖမ်းဆီးသွားသည့် တုံးဗျောကျေးရွာအုပ်စု၊ တုံးဗျောငယ်ကျေးရွာနေ ဦးဝင်းမြင့်၊ အသက် ၅၇ နှစ်၊ (ဘ)ဦးသာတင်၊ ဥယျာဉ်လုပ်(ယခင်တုံး ဗျောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဟောင်း)၊ တုံးဗျောငယ်ကျေးရွာ၊ တုံးဗျောကြီးကျေးရွာအုပ်စု၊ မြိတ်မြို့နယ် နေသူနှင့် ဦးမျိုးမင်းထွန်း(ခ)နောင်တို၊ အသက် ၄၂ နှစ်၊ (ဘ)ဦးဇာဟက်(ခ)ဦးကျော်သိန်း၊ ချောင်းဝပြင်ကျေးရွာ၊ တုံးဗျောကျေးရွာအုပ်စု၊ မြိတ်မြို့နယ်နေသူ တို့ဖြစ်ပြီး PDF အကြမ်းဖက်အဖွဲ့ များက ဘုရားကုန်းကျေးရွာ၏ တောင်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN