ပျော်ဘွယ်မြို့နယ်တွင် မီးရထားသံလမ်း တံတားသံဘောင်ထောက်တိုင် ရေတိုက်စား၍ ပြုတ်ထွက်သွားသဖြင့် မီးရထားလိုင်းများ ပြေးဆွဲခြင်းကို ယာယီရပ်နားထား


(ပြည်တွင်း) စက်တင်ဘာ ၁၁

ပျော်ဘွယ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရပ်ကွက်၊ ကျေးရွာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသကဲ့သို့ ရန်ကုန်-မန္တလေး မီးရထားသံလမ်းပေါ်ရှိ တံတားတစ်စင်းတွင်လည်း တံတားကိုထိန်းကွပ်ထားသည့် သံဘောင်မှာ ရေတိုက်စားခံရသဖြင့် ပြုတ်ထွက်သွားသည့်အတွက် မီးရထားလိုင်းများ ပြေးဆွဲခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ ယာယီရပ်နားထားကြောင်း သိရသည်။

ပျော်ဘွယ်မြို့၏ တောင်ဘက် (၃)မိုင်ခန့်အကွာ၊ ကျောင်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး မီးရထားသံလမ်းမိုင်တိုင်အမှတ်(၂၈၅/၅ နှင့် ၂၈၅/၉)အကြား၊ အမှတ်(၁)သံလမ်းပေါ်ရှိ သံဘောင်တံတား ထောက်တိုင်မှာ ရေတိုက်စားမှုကြောင့် ပြုတ်ထွက်သွားသဖြင့် မီးရထားလိုင်းများပြေးဆွဲခြင်းကို ယာယီရပ်နားထားကြောင်း၊ မီးရထားများပုံမှန်ပြေးဆွဲနိုင်ရန်အတွက် သံဘောင်တံတားအား သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN