ခင်ဦးမြို့နယ် ပေါက်သင့်တုံကျေးရွာအနီး အကြမ်းဖက် PDF အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) စက်တင်ဘာ ၁၁

ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ပေါက်သင့်တုံရွာအနီး နယ်မြေရှင်းလင်းနေသော လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF များ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့တိုက်ပွဲမှ အကြမ်းဖက် PDF အလောင်း ၃ လောင်း၊ တစ်တောင့်ထိုးသေနတ် ၃ လက်၊ ကျည် ၅ တောင့်တို့ သိမ်းဆည်းရမိကြောင်း သိရပြီး လုံခြုံရေးအဖွဲ့ဝင်များ တစုံတရာထိခိုက်မှုမရှိကြောင်း သိရသည်။

စစ်ကိုင်းသား

Telegram»…
https://t.me/positiveanglenews

PAN