ကျောက်ဆည်ရေကြီးနစ်မြုပ်မှုတွင် နိုင်ငံရေးပါတီများပါဝင်ရောက်ကူညီနေဟုဆို

(ပြည်တွင်း) စက်တင်ဘာ ၁၁

ရာဂီမုန်တိုင်းအရှိန်ကြောင့် ဇော်ဂျီမြစ်အထက်ပိုင်း ဧရိယာများတွင်မိုးရွာသွန်းမှု များပြားလျက်ရှိပြီး စက်တင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဇော်ဂျီမြစ်ရေတက်လာသည့်အတွက် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ပေါ် ရပ်ကွက် ၁၁ခုအနက် အနိမ့်ပိုင်းရပ်ကွက် များဖြစ်သည့် ကြက်မင်းတွန်ရပ် ကွက်နှင့်တံတားလည်ရပ်ကွက်တို့တွင် ဇော်ဂျီမြစ်ဝဲ/ယာ တာဘောင်များ သဲအိတ်ဖို့ခြင်းနှင့် တာဘောင်ပျက်စီးမှုများပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ကျောက်ဆည်မြို့နယ်ရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီပါဝင်ကူညီဆောင်ရွက်နေကြောင်း သိရသည်။

ဇော်ဂျီမြစ်ဝဲ/ယာ တာဘောင်များ သဲအိတ်ဖို့ခြင်းနှင့် တာဘောင်ပျက်စီးမှုများပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ပြည်ခိုင်ဖြိုးပါတီပါဝင်ကူညီဆောင်ရွက်နေသည့် ကော်မတီ၀င်တစ်ဦးမှ မိမိတို့အနေဖြင့် ပြည်သူတွေကိုကိုယ်စားပြုထားခြင်းဖြစ်သည့်အတွက် ပြည်သူဒုက္ခရောက်ရှိနေချိန်တွင် ပြည်သူရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ ပြည်သူအကျိုးကိုဆောင်ရွက်သည်ဖြစ်၍ မည်သည့်အခြေအနေမျိုးတွင်မဆို ပြည်သူ့ရှေ့မှ ရပ်တည်သွားမည်ဟုပြောသည်။

အဆိုပကါဆောင်ရွက်ချက်များကို ကျောက်ဆည်မြို့နယ် မြို့နယ်ကော်မတီဝင်များဦးစီးသည့် အင်အား ၄၀ ဦးမှ သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်ပူးပေါင်းကာ ယနေ့ နံနက် ၇ နာရီ အချိန်မှ စတင်ဆောင်ရွက်နေသကဲ့သို့  ကော်မတီ၀င်တစ်ချို့မှလည်း ရေဘေးရှာင်စုရပ် ၁၇ ခုသို့ ရေသန့်များလိုက်လံဝေငှခဲ့သည်ဟု သိရသည်။  

ဇော်ဂျီမြစ် ကြောင်းတလျှောက်ရှိ ရပ်ကွက်/ကျေးရွာများ  ရေဝင်ရောက်မှုအား အချိန်နှင့် တစ်ပြေးညီ ဆက်လက်စောင့်ကြည့်လျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းတို့ကို မြို့ နယ်/ခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ သို့ သတင်းပေးပို့ခြင်းများ ပြုလုပ်ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါမြို့နယ်မှ ကော်မတီဝင်တစ်ဦး၏ပြောဆိုချက်အရ သိရသည်။

PAN