ကျိုက်ထိုမြိုနယ် ရန်ကုန်-မော်လမြိုင်သွားကားလမ်း ရေကျော်မှုဖြစ်

(ပြည်တွင်း) စက်တင်ဘာ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့ထင်းကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၆/၂) (၁၀၆/၃)အကြား ရေ (၄)လက်မခန့်၊ လမ်းအရှည် (၄၀၀)ပေခန့်နှင့် မိုင်တိုင်အမှတ်(၁၀၆/၆) (၁၀၆/၇)အကြား ကားလမ်းမကြီးပေါ်တွင် ရေ (၄)လက်မခန့်၊ လမ်းအရှည် (၃၀၀)ပေခန့် ကားလမ်းရေကျော်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ကားလမ်းရေကျော်နေမှုကြောင့် ယာဉ်များပုံမှန်သွားလာနိုင်ရေး၊ ပိတ်ဆိုမှုမဖြစ်ပေါ်စေရေး၊ လမ်းကြောင်းရှင်းလင်းရေးနှင့် ရေလမ်းကြောင်းပြသရန်အတွက် မြိုနယ်လမ်းဦးစီးဌာန၊ မြိုနယ်မီးသတ်ဦးစီးဌာန၊ မြိုနယ်ယာဉ်ထိန်းတပ်ဖွဲဝင်များနှင့် ရွှေသံလွင်ကုမ္ပဏီတို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN