အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်းတွင် လူပေါင်း ၄၀ ကျော်သေဆုံး


(နိုင်ငံတကာ) စက်တင်ဘာ ၁၀

ဂါဇာကမ်းမြောင် တောင်ပိုင်းဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀ ကျော်သေဆုံးခဲ့ပြီး ၆၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဟားမက်စ်အဖွဲ့ကထုတ်ပြန်ထားသည်။

အစ္စရေးစစ်တပ်က အဆိုပါတိုက်ခိုက်မှုမှာ ဟားမတ်စ်အဖွဲ့ကို ဦးတည်တိုက်ခိုက်ခဲ့ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။

မြို့အနောက်ဘက်ရှိ လူသားချင်းစာနာထောက်ထားမှုဇုန်တွင်ရှိသော ရွက်ဖျင်တဲများအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကြီးမားသည့် ပေါက်ကွဲမှုနှင့် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

လေကြောင်းတိုက်ခိုက်မှုတွင်ရွက်ဖျင်တဲ အလုံး ၂၀ ကျော် ပျက်စီးသွားခဲ့ပြီး ခုနှစ်မီတာမြင့်သည့် မီးတောက်ကြီးများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ဟားမတ်စ်တာဝန်ရှိသူများက ၎င်းတို့ တိုက်ခိုက်ရေးသမားများကို တိုက်ခိုက်ခဲ့သည်ဆိုသော အစ္စရေး၏ ထုတ်ပြန်ချက်အား ပြောင်ပြောင်တင်းတင်း လိမ်ညာမှုဟု တုန့်ပြန်ပြောဆိုခဲ့သည်။

အလင်းရောင်

Telegram»…
https://t.me/positiveanglenews

PAN