သွင်းဂိုး ၁,၀၀၀ အိပ်မက်စတင်ခဲ့တဲ့ ရော်နယ်ဒို

(အားကစား) စက်တင်ဘာ ၁၀

      ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်က ကစားခဲ့တဲ့ စကော့တလန်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ ပွဲစဉ်မှာ ပေါ်တူဂီ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးကို ရော်နယ်ဒို က သွင်းယူပေးနိုင်ခဲ့ပြီး  ကစားသမားဘဝ သွင်းဂိုးက ၉၀၁ ဂိုး အထိရှိလာပြီဖြစ်ပါတယ်။

      ရော်နယ်ဒို ဟာ ကစားသမားဘဝမှာ သွင်းဂိုးပေါင်း ၁,၀၀၀ သွင်းယူနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ဆိုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ သွင်းဂိုး ၁၀၀၀ အိပ်မက်ပြည့်ရန် ခြေလှမ်းစခဲ့ပြီး ဖြစ်ပါတယ်။

       ရော်နယ်ဒို ဟာ ဂိုးပေါင်း ၁၀၀၀ ပြည့်ရန် နောက် ထပ် ၉၉ ဂိုးလိုသေးတာ ဖြစ်ပေမယ့် အခုအသက် အရွယ်အရ အသက် ၄၀ ပြည့်တော့မယ့် ရော်နယ်ဒိုအတွက် ဂိုးပေါင်း ၉၉ ဂိုးဆိုတာ ပြည့်ဖို့တော့ လွယ်ကူနေတာတော့ မဟုတ်ပါဘူး။ လက်ရှိရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှုအရ ထိပ်တန်းလိဂ်မဟုတ်တဲ့ ဆော်ဒီပရိုလိဂ်မှာ ဒဏ်ရာပြဿနာ ကင်းစင်ပြီး တစ်ရာသီ ဂိုး ၃၀ ခန့် သွင်းနိုင်ပါက ၃ ရာသီအတွင်း ဂိုးပေါင်း ၁,၀၀၀ ပြည်မြောက်နိုင်မှာ ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ ဂိုးပေါင်း ၁,၀၀၀ ပြည့်သွားခဲ့ပါက ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ ဂိုးပေါင်း ၁,၀၀၀ ပြည့်တဲ့ ပထမဆုံး ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

      စိန်ခေါ်မှုတွေကို ကြိုက် နှစ်သက်တတ်တဲ့ ရော်နယ်ဒို အနေနဲ့ အခုဂုဏ်ပုဒ်ကို လက်လွှတ်ခံမယ်လို့ မထင်ပါဘူး။ ဒါကြောင့် ရော်နယ်ဒိုအနေနဲ့  ဂိုးပေါင်း ၁,၀၀၀ ပြည့်မြောက်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

#PAN