ရုရှားမြို့တော် မော်စကိုအား ယူကရိန်းစစ်တပ် ဒရုန်းဖြင့်တိုက်ခိုက်


(နိုင်ငံတကာ) စက်တင်ဘာ ၁၀

ယူကရိန်းစစ်တပ်မှ ရုရှားမြို့တော် မော်စကိုအား ဒရုန်းအများအပြားဖြင့်တိုက်ခိုက်ခဲ့ပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဒေသစံတော်ချိန် အင်္ဂါနေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုသည် ဒရုန်းအမြောက်အများ မော်စကိုမြို့တော်သို့ ဦးတည်တိုက်ခိုက်ရန် ပျံသန်းလာစဉ် ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်မှ ဟန့်တားပစ်ချနိုင်ခဲ့ကြောင်းသိရသည်။

ဒေသအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ လေကြောင်းရန်ကာကွယ်ရေးမှ တားဆီးဖျက်ခဲ့သည့် ဒရုန်းအပိုင်းအစများသည် လူနေရပ်ကွက်ပေါ်သို့ ကျရောက်ခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်ကာ လူတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြို့တော်ဝန် Sergei Sobyanin က အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များစေလွှတ်ထားပြီး လေကြောင်းခရီးစဉ် အချို့ကိုလည်း ရပ်ဆိုင်းထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ဒရုန်း ၁၅ စီးကို ဟန့်တားနိုင်ခဲ့ပြီး စုစုပေါင်း ယူကရိန်းဒရုန်း ၇၀ ကျော်ကို လေကြောင်းရန်ကာကွယ်ရေးတပ်များက ပစ်ချခဲ့ကြောင်း ရုရှားက ပြောကြားခဲ့သည်။

အလင်းရောင်

Telegram»…
https://t.me/positiveanglenews

PAN