ရာဂီမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်အခြေအနေများအား အသိပေးထုတ်ပြန်ခြင်း


(မိုးလေဝသ) စက်တင်ဘာ ၁၀

ရာဂီမုန်တိုင်းအရှိန်ကြောင့် ဇော်ဂျီမြစ်အထက်ပိုင်း ဧရိယာများတွင်မိုးရွာသွန်းမှုများပြား လျက်ရှိပြီး ယနေ့ ခန့်မှန်း ညနေ ၄ နာရီခန့်တွင် ဇော်ဂျီမြစ်ရေမြင့်တက်နိုင် သည့်အတွက် ကျောက်ဆည်မြို့ပေါ် ရပ်ကွက်(၁၁)ခုအနက် အနိမ့်ပိုင်းရပ်ကွက် (၅)ခု ရေဝင်ရောက်နိုင်ကြောင်း မြို့တွင်းပြည်သူများအား အသိပေးခြင်း၊ လှည့်လည်ကြေညာခြင်းများအား နေ့လည် ၁ နာရီမှစ၍ ဆက်တိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သက်ဆိုင်ရာဌာနများမှ ရေဝင်ရောက်မှုအား အချိန်နှင့် တစ်ပြေးညီ ဆက်လက်စောင့်ကြည့်လျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ကြိုတင် ပြင်ဆင်ခြင်းတို့ကို ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရွှေကျွန်းသူ

Telegram»…
https://t.me/positiveanglenews

PAN