ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက် ဓါးပြတိုက်မှုဖြစ်ပွား


(မှုခင်း) စက်တင်ဘာလ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၁ လမ်းနှင့် ၁၀၁ (B)လမ်းရှိ နေအိမ်တစ်အိမ်အား ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ရွှေနှင့် ငွေများ လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မြို့သစ်(၁)ရပ်ကွက်၊ ၇၁ လမ်းနှင့် ၁၀၁ (B)လမ်းနေ အိမ်ရှင် ဦးရွှေဝင်း၏ နေအိမ်တွင် ရွှေနှင့်ငွေများ လုယူထွက်ပြေးမှု ဖြစ် ပွားကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စုံစမ်းခဲ့ရာ 3J/8313၊ ADVAN ခဲရောင်ကားဖြင့် အမည်မသိ အမျိုးသား ၇ ယောက်ခန့်မှ ဦးရွှေဝင်း၏ နေအိမ်သို့ ရောက်ရှိလာပြီး နေအိမ်အတွင်းရှိ ရွှေ ၁၀ ပိသာကျော်ခန့်၊ ငွေသားသိန်း ၁၀၀၀ ခန့် တို့အား လုယက်ယူဆောင်သွားပြီး ၇၁ လမ်းအတိုင်း‌ မြောက်မှ တောင်သို့ မောင်းနှင်ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရခံများအား အမြန်ဆုံးဖမ်းဆီးရရှိရေးအတွက် အပူတပြင်း‌ဆာင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ရွှေကျွန်းသူ

Telegram»…
https://t.me/positiveanglenews

PAN