ကြက်ခြေနီခြံဝင်းတွင်နေထိုင်သော အိမ်ခြေမဲ့သူအများစုမှ မူယစ်ဆေးဝါးများ ရောင်းချခြင်းများ ပြုလုပ်နေသဖြင့် ဖမ်းဆီးပေးရန် ဒေသခံများက တောင်ဆို


(ပြည်တွင်း) စက်တင်ဘာ ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်အတွင်းရှိ ကြက်ခြေနီခြံဝင်းတွင် အိမ်ခြေရာမဲ့သူအများစု လာရောက်ကာ တဲထိုးနေကြကြောင်းသိရပြီး ထိုသို့ လာရောက်နေထိုင်သူများသည် မူးယစ်ဆေးဝါးများကို ပေါ်တင်ရောင်းချနေကြကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဒေသခံလူငယ်အများစုသည်လည်း ထိုကြက်‌ခြေနီခြံသို့လာ‌‌ ရောက်ကာ မူးယစ်ဆေးဝါး ဝယ်ယူ‌လျက်ရှိ‌‌ကြောင်းသိရသလို ထိုအိမ်‌ခြေယာမဲ့များအ‌နေဖြင့် တုတ်ဓါးများကိုင်ဆောင်ထားသည့် လူအုပ်စုလည်းရှိ‌ကြောင်း သိရသည်။

၎င်း ဒုတ်ဓား‌ကိုင်‌ဆောင်သောအဖွဲ့အနေဖြင့် ညအချိန်တွင် အဖွဲ့လိုက်ရပ်ကွက်များလှည့်လည်ကာ ခိုးဆိုးလုယက်နေ‌ကြောင်း၊ ၎င်းတို့လာ‌ရောက်‌နေထိုင်သည့်အချိန်မှစတင်ပြီး ရပ်ကွက်အတွင်း ခိုးဆိုးလူယက်မှုများ‌ နေ့စဉ်ဖြစ်‌ပေါ်နေ‌ကြောင်း၊ အိမ်ရှင်များမှာ ခိုးနေသည်ကိုမြင်လျှက် မအော်ရဲကြောင်း၊ မျက်နှာအုပ် ဦးထုတ်ဆောင်းပြီး တုတ်ဓားလက်နက်များကိုင်ဆောင်ထား၍ အနည်းဆုံးလူ(၄)ဦးပါ‌သည့် အုပ်စုဖြစ်ကြောင်း သိရသည်။

သို့အတွက်ကြောင့် မြစ်ကြိးနားမြို့၊ အေး‌စေတီရပ်ကွက်အတွင်းရှိ ကြက်ခြေနီခြံ၀န်းအတွင်း တဲထိုးနေထိုင်လျက်ရှိသူများအား စစ်ဆေးဖမ်းဆီးအရေးယူမှုပြုပေးနိုင်ပါရန် အေးစေတီရပ်ကွက်နေ ‌ဒေသခံပြည်သူလုထုက ထုတ်ဖော်တောင်းဆိုးထားကြောင်း သိရသည်။

စစ်ကိုင်းသား

Telegram»…
https://t.me/positiveanglenews

PAN