ဆီးရီးယားတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၄ ဦးသေဆုံး


(နိုင်ငံတကာ) စက်တင်ဘာ ၉

ဆီးရီးယားနိုင်ငံအလယ်ပိုင်းရှိ နေရာအချို့အား အစ္စရေးစစ်တပ်မှ‌ လေကြောင်းတိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

တာတူရှ် နှင့် ဟာမာ စီရင်စုများ အပါအဝင် ဆီးရီးယား အလယ်ပိုင်း ဒေသများရှိ ပေါက်ကွဲမှုများတွင် အရပ်သားများ အသေအပျောက်များခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြထားသည်။

ဒေသတွင်း ဆေးရုံတစ်ခုမှာ တာဝန်ရှိ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ Faisal Haidar က လေကြောင်းတိုက်ခိုက်မှုများတွင် သေဆုံးသူ ၁၄ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူ ၄၃ ဦး အဆိုပါ ဒဏ်ရာရရှိသူ ဦးရေထဲမှ ၆ ဦးသည် အလွန်စိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယား လေကြောင်းကာကွယ်ရေးစနစ်အချို့က ဒုံးကျည်အချို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့သော်လည်း လုံလောက်မှုမရှိခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN