ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများသို့ ရွှေ့လျားဓာတ်မှန်စက်နဲ့ ရောဂါရှာဖွေကုသပေးမည်


(ကျန်းမာရေး) စက်တင်ဘာ ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ နိုင်ငံတော်က အကုန်အကျခံကာ ရွှေ့လျားဓာတ်မှန် စက်နဲ့ ရောဂါရှာဖွေကုသပေးသွားမှာဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဉီးစီးဌာနကနေ သိရပါတယ်။

ရောဂါရှာဖွေ ကုသပေးရာမှာ စက်တင်ဘာလ ၁၁ ရက်မှ ၁၄ ရက်အထိ ဘုရားကြီးကျေးရွာ၊ ကော့စံနိုင်ရပ်ကွက်၊ သိမ်ဇရပ်အမှတ်(၄)၊ ပျဉ်းမစခန်းကျေးရွာနှင့် ခလွန်ကျေးရွာတို့တွင် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

ကွင်းဆင်းကုသပေးရာမှာ ပြည်နယ်အဆင့် အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာဆရာဝန်ကြီးများ ပါဝင်သော ကွင်းဆင်းရောဂါ ရှာဖွေစစ်ဆေးကုသရေးအဖွဲ့နှင့် မြိုနယ်ပြည့်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း ဆောင်ရွက်သွားမှာပါတယ်။

ရောဂါရှာဖွေကုသပေးရာမှာ သွေးတိုးရောဂါရှိသူများ၊ ဆီးချိုရောဂါ ရှိသူများ၊ မောပန်း လွယ်နေသူများ၊ မကြာခဏချောင်းဆိုးနေသူများ၊ အစားအသောက်ပျက် နေသူများ၊ ပိန်ချုံးလာသောလူနာများ၊ ဆေးလိပ်သောက်သော လူနာများ လာရောက်ပြီးရောဂါစစ်ဆေးကြရန် ဖိတ်ခေါ်ထားပါတယ်။

ရွှေကျွန်းသူ

Telegram»…
https://t.me/positiveanglenews

PAN