ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် စပိန်တွင်နိုင်ငံရေးခိုလှုံခွင့်တောင်းခံ


(နိုင်ငံတကာ) စက်တင်ဘာ ၉

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂွန်ဇာလက်သည် စပိန်တွင်နိုင်ငံရေးခိုလှုံခွင့်တောင်းခံရန် ရောက်ရှိလာကြောင်းသိရသည်။

ဂွန်ဇာလက်အား ပြီးခဲ့သည့် ရွေးကောက်ပွဲနှင့် အခြားသောရာဇဝတ်မှုများဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းကြောင့် ဗင်နီဇွဲလားနိုင်ငံမှ ထွက်ပြေးပြီး စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ ရောက်ရှိလာကြောင်းသိရသည်။

ဂွန်ဇာလက်နှင့် ဇနီးဖြင့်သူသည် စပိန် စစ်ဘက်ဆိုင်ရာ လေတပ်စခန်းတစ်ခုသို့ရောက်ရှိလာပြီး လက်ရှိအချိန်တွင် စပိန်အစိုးရထံ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသည်။

ဗင်နီဇွဲလားရွေးကောက်ပွဲတွင် အာဏာရအစိုးရခေါင်းဆောင် မာဒူရိုက ဆက်လက်အနိုင်ရပြီးနောက် အတိုက်အခံအင်အားစုများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

အလင်းရောင်

Telegram»…
https://t.me/positiveanglenews

PAN