ရင်ကွဲတောင်ကို အောင်ဇေယျစစ်ကြောင်း ထိန်းချုပ်လိုက်ပြီ

(ပြည်တွင်း) စက်တင်ဘာ

မြဝတီ – ကော့ကရိတ်ကို စစ်ရေးပြုလုပ်နေသည့် အောင်ဇေယျစစ်ကြောင်းသည် ကော့ကရိတ် မြဝတီ အာရှလမ်းသစ်နှင့် လမ်းဟောင်းဆုံရာ သင်္ကန်းညီနောင်အနီးအနားရှိ အမြင့်ဆုံးတောင်ဖြစ်သောရင်ကွဲတောင်ကို ယနေ့မနက်ပိုင်းမှစတင်ကာ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်တောင်ဘက်ခြမ်းတွင်ရှိသည့် တပ်မတော်စခန်းတစ်ခုဖြစ်သော စွယ်တော်ကုန်းစခန်းအား အကြမ်းဖက်သောင်းကျန်းသူများမှ သာလွန်အင်အားနှင့် ဝိုင်းရံပိတ်ဆို့ထားပြီး ဒရုန်းဗုံးများဖြင့် တိုက်ခိုက်နေသည်မှာ ရသတ္တ တစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်သည်။

အဆိုပါဒရုန်းဖြင့်နေစဉ်တိုက်ခိုက်ခံရမူကြောင့် စွယ်တော်စခန်းမှတပ်မတော်သားများအလူးအလိမ့်ခံနေရသော်လည်း စခန်းမကျအောင်တောင်ခံထားဆဲရှိပြီး ယနေ့ထိ အကြမ်းသောင်းကျန်းသူများစခန်းအနီးနားကိုကပ်မလာနိုင်သေးကြောင်းသိရသည်။

ဓာတ်ပုံ – သောင်းကျန်းသူများအသုံးပြုနေသည့် ဒရုန်းနှင့် Drop Bonb

#PAN