နာနတ်သီးစားခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ


(ပြည်တွင်း) စက်တင်ဘာ ၈

နာနတ်သီးက သွေးချိုတက်စေနိုင်ပါတယ်။ နာနတ်သီးမှာ သဘာဝအရပေးတဲ့ သကြားဓာတ် ပါဝင်မှုများပါတယ်။ အဲ့ဒါကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ သွေးချိုကို မြင့်တက်သွားစေပါတယ်။

လက္ခဏာကတော့ ခေါင်းကိုက်ခြင်း၊ မကြာခဏ ဆီးသွားခြင်းတွေ ဖြစ်တတ် ပါတယ်။ နာနတ်သီးစားခြင်းက သွားတွေကို ပျက်စီးလာစေနိုင်ပါတယ်။ နာနတ်သီးမှာ အက်ဆစ်ဓာတ်များပါတာကြောင့် သွားကို ပျက်စီးစေနိုင်ပါတယ်။

လက္ခဏာကတော့ သွားကိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခံတွင်းဓာတ်မတည့်တဲ့ လက္ခဏာတွေလည်း ဖြစ်တတ်ပါတယ်။ ပုံမှန်ကြည့်ရင် ဘာမှမဟုတ်ပေမယ့် ဖုန်မှုန့်တွေနဲ့ ဓာတ်မတည်သလိုပုံစံနဲ့တူပါတယ်။

အဲ့ဒီဓာတ်မတည့်ခြင်းက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က နာနတ်သီးရဲ့ ဝတ်မှုန့်မှာရှိတဲ့ ပရိုတင်းနဲ့ ဓာတ်မတည့်တာကြောင့် ခန္ဓာကိုယ်ထဲမှာ တုန့်ပြန့်မှု ပြတာဖြစ်ပါတယ်။ လက္ခဏာကတော့ နာနတ်သီးစားပြီးရင် လျှာယားလာပါမယ်။

နာနတ်သီးစားခြင်းက တချို့လူတွေအတွက် ဓာတ်မတည့်တာတွေ ဖြစ်စေပါတယ်။ နာနတ်သီးနဲ့ ဓာတ်မတည့်တာတွေက နာရီ အနည်းငယ်လောက်မှာ သက်သာသွား စေနိုင်ပေမယ့် ဒီထက်အချိန်ကြာရင်တော့ ဆရာဝန်ပြသင့်ပါတယ်။ လက္ခဏာကတော့ နှုတ်ခမ်း ဖူးရောင်တာ၊ လည်ချောင်းတစစ်စစ် ဖြစ်တာတွေ ခံစားရပါမယ်။

Telegram»…
https://t.me/positiveanglenews

PAN