ကိုလံဘီယာအသင်းနဲ့ ပွဲစဉ်အတွက် အကောင်းဆုံးမျှော်လင့်ထားတဲ့ အာဂျင်တီးနားအသင်း

(အားကစား) စက်တင်ဘာ ၈

      လာမယ့် စက်တင်ဘာလ ၁၁ ရက်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ကိုလံဘီယာအသင်းနဲ့ ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားတယ်လို့ အာဂျင်တီးနားနည်းပြ စကာလိုနီ က ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ အာဂျင်တီးနားအသင်း၌ ကွင်းလယ်လူ အယ်လစ္စတာ နဲ့ တောင်ပံကစားသမား ဂွန်ဇာလက်ဇ် တို့ ကြံ့ခိုင်မှုပြဿနာရှိပေမယ့် ကိုလံဘီယာနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

      အဆိုပါ ကစားသမား ၂ ယောက်လုံးက ချီလီအသင်းနဲ့ပွဲမှာ အသင်းအတွက် ပွဲချိန်ပြည့်ကစားခဲ့ပြီး လာမယ့် ကိုလံဘီယာနဲ့ပွဲမှာလည်း ကစားနိုင်ဖို့ နည်းပြ စကာလိုနီ က မျှော်လင့်နေတာဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ ၇ ပွဲကစားပြီးချိန် ရမှတ် ၁၈ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။

      အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ မက်ဆီ မပါဝင်နိုင်ချိန်မှာ နိုင်ပွဲတွေရအောင် ကြိုးစားခဲ့ကြတဲ့ ကစားသမားတွေရဲ့အားထုတ်မှုကို ချီးကျူးရမှာဖြစ်သလို ချီလီအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ခြေစွမ်းမျိုး ကိုလံဘီယာအသင်းနဲ့ပွဲမှာလည်း ပြသနိုင်ဖို့ မျှော်လင့်ထားတယ်လို့ နည်းပြ စကာလိုနီ က ပြောသွားခဲ့ပါတယ်။

#PAN