ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သား ၅,၈၀၀ ကျော်ကို ၈ လအတွင်းစေလွှတ်ထား

(ပြည်တွင်း) စက်တင်ဘာ ၈

       တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ကနေ ဩဂုတ်လအထိ လုပ်သား ၅,၈၅၀ ဦး စေလွှတ်ထားကြောင်း အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီကနေ သိရပါတယ်။ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်လုပ်သားများ စေလွှတ်ပေးလျက်ရှိရာ ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် အများဆုံးစေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

       ၈ လတာကာလအတွင်း တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်စေလွှတ်မှုတွင် ဇူလိုင်လနှင့် ဩဂုတ်လတွင် စေလွှတ်မှုအနည်းဆုံးဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း အလုပ်သမားခွဲတမ်းအရ မြန်မာအလုပ်သမား ၁၁,၀၀၀ ခန့်အား EPS စနစ်ဖြင့် စေလွှတ်သွားမှာဖြစ် ကြောင်း သိရပါတယ်။

       အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများ စေလွှတ်လျက် ရှိရာ ၂၀၂၃ ခုနှစ်အတွင်း ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ လုပ်သားဦးရေ ၁၀,၆၁၁ ဦး စေလွှတ်နိုင်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်အတွင်းမှာ ဝန်ဆောင်မှုလုပ်ငန်းဖြင့် အမျိုးသမီးများကို ပထမဦးဆုံးအကြိမ်ဖြစ် စေလွှတ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

#PAN