အားကောင်းသော လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းတိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်


(ပြည်တွင်း) စက်တင်ဘာ ၇

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ နံနက် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဟာ ဆက်လက်တည်ရှိနေကာ မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားပြီး (၂၄)နာရီအတွင်း အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သိုလည်းကောင်း၊ ထိုမှတစ်ဆင့် စက်တင်ဘာလ ၉ ရက်တွင် ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ-ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေ တို့တွင် မုန်တိုင်းငယ်(Depression) အဖြစ်သို့ လည်းကောင်း ပိုမိုအားကောင်းလာနိုင်ကြောင်းနဲ့ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ လေ အားကောင်းနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ထူးခြားတဲ့အခြေအနေအဖြစ် စက်တင်ဘာလ ၆ ရက်တွင် တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်းကို ဖြတ်ကျော်လျက် ရှိသော တိုင်ဖွန်းမုန်တိုင်း ရာဂိ ဟာ အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ တောင်တရုတ်ပင်လယ်ပြင်သို ရောက်ရှိခဲ့ပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ နောက်(၁၈)နာရီ အတွင်း ဗီယက်နမ် နိုင်ငံအထက်ပိုင်း ဒေသများကိုဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။

မိုးတိမ်တောင်များဖြစ်ပေါ်မှုအနေနဲ့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တိုတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိ ပြီး မိုးရွာသွန်းမှုအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွင် နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တိုတွင် နေရာကျဲကျဲ၊ နေပြည်တော် နှင့် မန္တလေးတိုင်းဒေသကြီးတိုတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တိုတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN