အကြမ်းဖက် PDF များက စစ်ရေးပစ်မှတ်မဟုတ်သော ယင်းမာပင်မြို့ပေါ်သို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်


(ပြည်တွင်း) စက်တင်ဘာ ၇

ယနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ပေါ်သို့ အကြမ်းဖက် PDF များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရာ (ဂ)ရပ်ကွက် မဟာဇောတိကရာမ ဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ရှော့တိုက်ဒုန်းကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်းအတွင်း ပန်းရံပြုလုပ်နေသော ဦးမောင်မျိုးနှင့် အခြားအမျိုးသမီး ၂ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသဖြင့် မုံရွာမြို့ ပြည်သူ့ဆေးကြီးရုံးသို့ ပို့ဆောင်စဥ် ဦးမောင်မျိုးမှာ ရရှိဒဏ်ရာဖြင့် သေးဆုံးသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN