အကြမ်းဖက်သောင်းကျန်းသူ PDF များက သုံးတောင်ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီး


(ပြည်တွင်း)စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သုံးတောင်ကျေးရွာ၊ နယ်မြေရဲကင်းစခန်း၌ အခြေပြုကာ လုံခြုံရေးတာဝန်ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ၄ နာရီအချိန်ခန့်က အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့​ပြီး တပ်မတော်လေမှ ရဟတ်ယာဥ်ဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ အပြန်အလှန် ပစ်ခတ်ရာမှ မွန်းလွဲ ၄ နာရီခွဲအချိန်တွင် သုံးတောင်နယ်မြေရဲကင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ဆုတ်ခွာပေးခဲ့ပြီး မလှိုင်မြို့နယ်၊ နှောကန်နယ်မြေရဲစခန်းသို့ သွားရောက်ပူးပေါင်း အခြေပြုခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူ PDF များက သုံးတောင်ကျေးရွာအတွင်းဝင်ရောက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီး ခဲ့ကြောင်း၊ ၎င်းနောက် အကြမ်းဖက်သောင်းကျန်းသူ PDF များ ပြန်လည်ဆုတ်ခွာသွားရာ ည ၇ နာရီအချိန်ခန့်တွင် ၎င်းတို့အခြေပြုရာ နွားထိုးကြီးမြို့နယ်၊ဆူးရစ်ကုန်းကျေးရွာသို့ ပြန်လည်ရောက်ရှိသွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN