ဆီဆိုင်မြို့နယ်၊ ရေဖြူရွာအနီး နယ်မြေရှင်းလင်းရေးစစ်ကြောင်းနှင့် အကြမ်းဖက် KNDF/PNLO ထိတွေ့တိုက်ပွဲဖြစ်ပွား


(ပြည်တွင်း) စက်တင်ဘာ ၇

ယမန်နေ့ နံနက်ပိုင်းအချိန်တွင် ဆီဆိုင်မြို့နယ်၊ ရေဖြူရွာ၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် KNDF/PNLO အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင် သိရသည်။

ယင်းထိတွေ့မှုဖြစ်စဉ်တွင် လုံခြုံရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိပဲ KNDF/PNLO အဖွဲ့ထံမှ MA-1 သေနတ် ၁ လက်၊ MA-4 သေနတ် ၁ လက်၊ Point 5 စက်သေနတ် ၁ လက်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာ လဆန်းပိုင်းမှစ၍ အကြမ်းဖက်နှိမ်နှင်းရေးလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်လျှက်ရှိရာ အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ခတ်စိတ်စိတ် ဖြစ်ပေါ်လျက်ရှိရာ အကြမ်းဖက်စခန်းများကို ကြည်းကြောင်း ၊ လေကြောင်းအသုံးပြု၍ ရှင်းလင်းမှုများဆောင်ရွက်နေကြောင်း သိရသည်။

စစ်ကိုင်းသား

Telegram»…
https://t.me/positiveanglenews

PAN