PDF သင်တန်းဆင်ပွဲလုပ်နေသည့် လက်ယက်မကို လေကြောင်းမှပစ်ခတ် PDF ၁၀၀ ဦးထက်မနည်းသေဆုံး

(ပြည်တွင်း) စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် လက်ယက်မကျေးရွာတွင် PDF သင်တန်းဆင်းပွဲပြုလုပ်နေသည့်စာသင်ကျောင်းတစ်ကျောင်းကို တပ်မတော်လေရဲ့ဂျက်ဖွိုက်တာနဲ့ MI-35 က ပစ်ခတ်တိုက်ခိုက်လို့ PDF ၁၀၀ ဦးထက်မနည်းသေဆုံးကြောင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။

“စာသင်ကျောင်းဝင်းအတွင်းက စာသင်ဆောင်တစ်ဆောင်ကို အကြမ်းဖက်အဖွဲ့တွေက စစ်စခန်းပြုလုပ်ထားတယ်တာဗျ နောက်ပြီးဒီနေ့ကလည်း သင်တန်းဆင်းပွဲတစ်ခုလုပ်နေတဲ့အချိန်လည်းဖြစ်နေတယ်။ ပစ်တဲ့ မြေပုံညွှန်းကလည်း တိကျတော့ သေကြတာပေါ့” ဟု အမည်မဖော်လိုသည့် ဒေသခံသတင်းအရင်းအမြစ်မှ ပြောသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် လက်ယက်မရွာရှိ အကြမ်းဖက်သမားများ စစ်စခန်းပြုလုပ်ထားသည့်စာသင်ကျောင်းတွင် PDF သင်တန်းဆင်းပွဲ ပြုလုပ်နေစဥ် လေကြောင်းမှ နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်များ၏ပြောဆိုချက်များအရ သိရသည်။

“ဖွိုက်တာကရှေ့ကနေ ဗုံးကျဲပြီး ပုဇဥ်းနောက်ကနေ စက်သေနတ်နဲ့ပစ်တာဗျ ၂ ကြိမ်ဝဲပြီး လာချတာ ပစ်မှတ်တွေက ကွက်တိပဲ ကုန်ရောပဲ” ဟုလည်း ဒေသခံများမှပြောသည်။

“မကွေးတိုင်း မြိုင်မြို့နယ် လက်ယက်မရွာ စာသင်ကျောင်းကို တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး စက်သေနက်နဲ့ပါ ပစ်ခတ်သတ်ဖြတ်ရာ ဗုံးခိုကျင်းထဲ ရှောင်တိမ်းနေတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူငါးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်” ဟု လူမှုကွန်ယက်များတွင် သတင်းအဖြစ်ရေးသားနေကြသော်လည်း PAN မှရရှိထားသည့် မြေပြင်အတည်ပြုချက်များနှင့် ကွဲလွဲနေကြောင်း တွေ့ရသည်။

“တည့်တည့် ကျလားမကျလားဆိုတာမပြောနဲ့ ထိတဲ့သူတွေကို ကောက်လို့မရတော့ဘူး အကုန်အပိုင်းအပိုင်း အပြတ်ပြတ်တွေ ဖြစ်သွားလို့ ကြုံးယူရတယ်။ ဘယ်လောက်များသလဲဆိုရင် မိသားစု တစ်စုထဲတင် လေးယောက် သေသွားတယ်” တယ်ဟု ဒေသတွင်းသတင်းအရင်းအမြစ်မှပြောသည်။

မြိုင်မြို့နယ် လက်ယက်မကျေးရွာသည် အိမ်ခြေ (၂၀၀၀)ခန့် ရှိသည့်ကျေးရွာကြီးဖြစ်ကြောင်း သိရသည်။

#PAN