(၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီး ချုပ်များအစည်းအဝေး (ACDFM-21) ကျင်းပပြုလုပ်


(ပြည်တွင်း) စက်တင်ဘာ ၆

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် (၂၁) ကြိမ် မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 21st ASEAN Chiefs Of Defence Forces Meeting (21st ACDFM) ကို ယနေ့ နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ Latsavong Wanda Vista Hotel ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဦးဆောင်တက်ရောက်ပြီး ဆက်စပ်အစည်းအဝေးများဖြစ်သည့် 14th ASEAN Military Operations Meeting (14th AMOM) သို့ တက်ရောက်လျက်ရှိသည့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် (၂၁) ကြိမ် မြောက် အာဆီယံတပ်မတော် ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး (21st ASEAN Military Intelligence Meeting – 21st AMIM) သို့ တက်ရောက်လျက်ရှိသည့် ဒုတိယတပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ် မင်းသူနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဦးစွာ (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (21st ACDFM) ဥက္ကဋ္ဌ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Khamlieng Outhakaisone က တက်ရောက်လာကြသည့် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးပြီး အဖွင့်မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် (၂၁) ကြိမ်မြောက်အာဆီယံတပ်မတော် ထောက်လှမ်းရေး မှူးချုပ်များအစည်းအဝေး (21st ACDFM) ဥက္ကဋ္ဌ လာအိုအမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ဘက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Brigadier General Bouavanh Athanaxay နှင့် (၁၄)ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင်ရေး မှူးချုပ်များအစည်းအဝေး (14th AMON) ဉက္ကဋ္ဌ လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန၊ စစ်ဆင်ရေးဌာန အကြီးအကဲ Major General Kongthong Soukhavong တို့က အစည်းဝေးရလဒ်များအား ဖတ်ကြားတင်ပြခဲ့ကြသည်။

၎င်းနောက် တက်ရောက်လာကြသည့် အာဆီယံနိုင်ငံတပ်မတော်များမှ ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်များက “အာဆီယံ- ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရေးတို့အတွက် လက်တွဲ ဆောင်ရွက်ခြင်း(ASEAN- Together for Peace, Security and Resilience)” ခေါင်းစဉ်ဖြင့် နိုင်ငံ အက္ခရာစဉ်အလိုက် အသီးသီးပါဝင်ဆွေးနွေးခဲ့ကြသည်။

မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက အာဆီယံ၏ အဓိက ရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များကို တွန်းအားပေး မီးမောင်းထိုးပြနေသည့် “အာဆီယံ- ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် ကြံ့ကြံ့ခိုင်ရင်ဆိုင် နိုင်ရေးတို့အတွက် လက်တွဲဆောင်ရွက်ခြင်း (ASEAN-Together for Peace, Security and Resilience)” ခေါင်းစဉ်ဖြင့် အသေးစိတ်ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်ပြီး အာဆီယံတပ်မတော်များ၏ ၂ နှစ်တာ လုပ်ငန်စီမံချက် (၂၀၂၄ -၂၀၂၆) {Two Years Work Plan (2024-2026} အား အတည်ပြုခြင်း၊ 21st ACDFM ၏ ပူးတွဲကြေညာချက် Joint Statement အား အတည်ပြုခြင်း တို့ကိုဆောင်ရွက်ခဲ့ကြပြီး ပူးတွဲကြေငြာချက် Joint Statement ကို အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြသည်။ယင်းနောက် 21st ASEAN Chiefs of Defence Forces Meeting (21st ACDFM) ဥက္ကဋ္ဌ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာန အကြီးအကဲက အပိတ်မိန့်ခွန်း ပြောကြားကာ (၂၂)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်း အဝေး (22nd ACDFM) အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ ဆောင်ရွက်မည့် မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ဥက္ကဋ္ဌတာဝန် များနှင့် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး ၏အလံ (ACDFM Flag)တို့ကို လွှဲပြောင်းပေးအပ်ခဲ့ကြပြီး အစည်းဝေးကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးမင်းဦးသည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Songwit Noonpackdee၊ ဗီယက်နမ်အမျိုးသားကာကွယ် ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Nguyen Tan Cuong နှင့် ကမ္ဘောဒီးယားဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Vong Pisen တို့နှင့် သီးခြားစီ Bilateral Meeting များ တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှု ပိုမို တိုးမြင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ ကြသည်။

ယင်းနောက် ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် အာဆီယံနိုင်ငံများမှတပ်မတော် ကာကွယ်ရေးဉီးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာန အကြီး အကဲက တည်ခင်းဧည့်ခံသည့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး အထိမ်းအမှတ် ညစာစားပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အလားတူ စက်တင်ဘာလ ၃ ရက်နေ့တွင် အဆိုပါဟိုတယ်၌ ပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 14th ASEAN Military Operations Meeting (14th AMOM) အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များကလည်းကောင်း၊ (၂၁) ကြိမ်မြောက် အာဆီယံ တပ်မတော် ထောက်လှမ်းရေး မှူးချုပ်များအစည်းအဝေး (21st ASEAN Military Intelligence Meeting- 21st AMIM) သို့ မြန်မာ့တပ်မတော်မှ ဒုတိယ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ် မင်းသူနှင့် ကိုယ်စား လှယ်အဖွဲ့ဝင်များကလည်းကောင်း အသီးသီးပါဝင်တက်ရောက်၍ အာဆီယံ တပ်မတော်များအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်မြှင့် ဆောင်ရွက်ရေး ကတိကဝတ်များအား ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN