အဆုတ်ကို ကျန်းမာစေတဲ့ အစားအစာတွေ

(ကျန်းမာရေး) စက်တင်ဘာ ၆

အစိမ်း‌ရောင်အရွက်တွေ အထူးသဖြင့် ကိုက်လန်မှာ antioxidants ဖြစ်တဲ့ vitamins A, C, E နဲ့အပြင် phytochemicals (carotenoids) တွေပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

အဆုတ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။    ပန်းပွင့်စိမ်းမှာ sulforaphane ဓာတ်ပါဝင်ပြီး အဲ့ဒီဓာတ်ကြောင့် အဆုတ်ထဲက ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။

အဆုတ်ကို ပျက်စီးစေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ Vitamin C လည်းပါဝင်တာကြောင့် ခုခံအားကောင်းစေပါတယ်။

အဆုတ်ကြောင့် ဖြစ်တဲ့ အဖျားအနာမျိုးတွေလည်း မဖြစ်နိုင်တော့ပါဘူး။   ဆော်လမွန်ငါးမှာ amino acid ဓာတ်တွေ ပါဝင်တာကြောင့် အာဟာရတွေ စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်ထဲက တစ်ရှုးတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ 

လိမ္မောသီးမှာပါဝင်တဲ့ calcium ကြောင့် အဆုတ်ကို အထောက်အကူပြုပါတယ်။ နာတာရှည် အဆုတ်ရောဂါတွေကို လျော့ပါးစေပါတယ်။ Vitamin C ဓာတ်လည်း ပါဝင်တာကြောင့် ခုခံအားကို တိုးစေပါတယ်။   

ပန်းသီးမှာ quercetin ဆိုတဲ့ဓာတ် ပါဝင်ပါတယ်။ အဲ့ဒီဓာတ်ကြောင့် အဆုတ်ကို အကျိုးရှိ စေပါတယ်။ ရင်ကြပ်ခြင်းကိုလည်း လျော့ကျစေပါတယ်။  

သစ်ကြားသီးမှာ magnesium ပါဝင်ပြီး သင့်အဆုတ်ကြွက်သားတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ omega-3 fatty acids လည်းပါဝင်တာကြောင့် အဆုတ်လေပြွန်ရောင်ရမ်းတာမျိုးကိုလည်း သက်သာ စေပါတယ်။  

ခရမ်းချဥ်သီးမှာ lycopene ဆိုတဲ့ဓာတ်က ပါဝင်တာကြောင့် အဆုတ်ကို ကျန်းမာစေပါတယ်။ တစ်ရက်ကို ခရမ်းချဥ်သီး၂လုံးခန်ံစားပေးခြင်းအားဖြင့် Vitamin C လည်းပါဝင်တာကြောင့် ‌အဆုတ် အတွင်း ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေပါတယ်။   

ငရုတ်ပွမှာ vitamin C ပါဝင်တာကြောင့် အဆုတ်နဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားမှု ကနေ ခံနိုင်ရည်လည်း ရှိစေပါတယ်။ ရင်ကြပ်နဲ့ အဆုတ်လေပြွန်ပြဿနာတွေကို ကူညီနိုင်ပါတယ်။မှိုမှာ vitamin D ပါဝင်တာကြောင့် အဆုတ်လုပ်ဆောင်ချက်တွေကို ကူညီနိုင်ပါတယ်။

အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကို ခုခံအားတိုးစေပါတယ်။ ဥအမျိုးမျိုးမှာ omega-3 နဲ့ protein ဓာတ်တွေ ပါဝင်တာကြောင့် ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN