ရုရှား က ပြည်ပငွေကြေးများနှင့်ရွှေများကို ခုနှစ်ဆတိုးမြှင့်ဝယ်ယူမည်


(နိုင်ငံတကာ) စက်တင်ဘာ ၆

ရုရှားနိုင်ငံအနေဖြင့် စက်တင်ဘာလ ၆ ရက်မှစ၍ ပြည်ပငွေကြေးများနှင့် ရွှေများကို ခုနစ်ဆ တိုးမြှင့်ဝယ်ယူ သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၆ ရက်မှ အောက်တိုဘာလ ၄ ရက်အတွင်း ပြည်ပငွေကြေးများနှင့်ရွှေများကို ဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၈ ဘီလီယံခန့် အသုံးပြုသွားမည်ဖြစ်ပြီး တစ်ရက်လျှင် ဒေါ်လာ ၉၄ သန်းဖိုးအထိ ဝယ်ယူသွားမည်ဖြစ်သည်။

ဩဂုတ်လ ၇ ရက်မှ စက်တင်ဘာလ ၅ ရက်အထိ ပြည်ပငွေကြေးနှင့်ရွှေများ ဝယ်ယူရေးကာလအတွင်း ဒေါ်လာသန်း ၂၈၀ သာ သတ်မှတ်ကာ တစ်ရက်လျှင် ဒေါ်လာ ၁၃ သန်းဖိုး ဝယ်ယူမှု ပြုခဲ့သည်။

စက်တင်ဘာလ အတွင်း ရုရှားနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ဝင်ငွေအဖြစ် ဒေါ်လာ ၁ ဒသမ ၈၅ ဘီလီယံ ထပ်မံရရှိမည်ဟု ခန့်မှန်းထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း ဆင်ဟွာသတင်းဌာနမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN