ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဥ်တစ်စီး အရှိန်မထိန်းနိုင်သဖြင့် တိမ်းမှောက်


(ပြည်တွင်း)စက်တင်ဘာ ၆

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၆)တွင် ယနေ့မွန်းလွဲ၂နာရီခွဲအချိန်ခန့်က Toyota Hiace အမျိုးအစား(ငွေရောင်)ယာဉ်သည် မောင်းနှင်း လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသော သံဘောင်တန်းအား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စကားအင်း အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၄)ဦးနှင့် မ(၂)ဦး စုစုပေါင်း(၆)ဦးအနက် ကျား(၁)ဦးနှင့် မ(၂)ဦး စုစုပေါင်း(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား တံတားဦးပြည့်သူဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဇေယျာရွှေပြည်

Telegram»…
https://t.me/positiveanglenews

PAN