ယူကရိန်းက လေကြောင်းရန်ကာကွယ်ရေး ရရှိရန် တောင်းဆို

(နိုင်ငံတကာ) စက်တင်ဘာ ၆

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက နိုင်ငံတကာအနေဖြင့် ၎င်းတို့နိုင်ငံအား လေကြောင်းရန်ကာကွယ်ရေးများ ပေးပို့မှု အရှိန်မြှင့်တင်ရန် တောင်းဆိုခဲ့သည်။

ဇယ်လန်းစကီးက ယူကရိန်းမနေဖြင့် ရုရှားအား ထိန်းထားနိုင်ရန် လက်နက်စနစ်များ မရှိမဖြစ်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

နိုင်ငံတကာအနေဖြင့် ယူကရိန်းနိုင်ငံအား လေကြောင်းရန်ကာကွယ်ရေး လက်နက်များ ပို့ဆောင်မည်ဟု ကတိပေးထားသော်လည်း လက်တွေ့အကောင်အထည် မဖော်သည့်အတွက် ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်။

ထို့အပြင်အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဇယ်လန်းစကီးနှင့် ဆွေးနွေးပြောဆိုရာတွင် အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းအတွက် နောက်ထပ် စစ်ရေးအကူအညီ ဒေါ်လာ သန်းပေါင်း ၂၅၀ ပေးအပ်မည့် အစီအစဉ်ကို ကြေညာရန် ရှိကြောင်း ပြောဆိုခဲ့သည်။

PAN