ပင်လောင်းမြို့နယ်တွင် KNDF/PNLA/PDF အကြမ်းဖက် ပူးပေါင်းအဖွဲ့နှင့် PNO ပြည်သူ့စစ်များ ထိတွေတိုက်ပွားဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


(ပြည်တွင်း) စက်တင်ဘာ ၆

ပင်လောင်းမြို့နယ်၊ ကောင်မီးကျေးရွာတွင် PNO ပြည်သူ့စစ်အဖွဲ့မှ နယ်မြေစိုးမိုးရေးနှင့်လုံခြုံရေးဆောင်ရွက်နေစဉ် စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီတွင်ဖယ်ခုံဘက်မှ ပင်လောင်းဘက်သို့ ထွက်ခွာလာသည့် KNDF/PNLA/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီးကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့မှုတွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှာ ထွက်ပြေးတိမ်သွားခဲ့ပြီးနောက် ထိတွေ့မှုဖြစ်ပွားသည့်နေရာအား ရှင်းလင်းခဲ့ရာ လမ်းဘေးမှ ဆာလာအိတ် (၃၃)အိတ်အား တွေ့ရှိခဲ့သဖြင့် PNO ပြည်သူ့စစ်(ဌာနေ)အဖွဲ့သည် မြို့မရဲစခန်း(ပင်လောင်း)သို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆာလာ အိတ်များအား ပူးပေါင်းအဖွဲ့မှ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အိတ် (၃၃)အိတ်အနက် ဆာလာ အိတ်(၁၆)အိတ်အတွင်းမှ WY/R စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား (၃၀၉၀၀၀၀)ပြားကျပ် (၁၅၄၅၀)သိန်းခန့်နှင့် ဆာလာအိတ် (၁၇)အိတ်အတွင်းမှ ဘိန်းညိုမှုန့် (၁၇၇.၃)ကီလိုဂရမ်၊ ကာလ တန်ဖိုးငွေကျပ်(၈၈၆၅)သိန်းခန့်၊ စုစုပေါင်းကာလ တန်ဖိုး‌ငွေကျပ် (၂၄၃၁၅)သိန်းခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရွှေကျွန်းသူ

Telegram»…
https://t.me/positiveanglenews

PAN