နောင်ဖာရေကာတာစီမံကိန်း ပြန်စဖို့ ဝ တပ်ဖွဲ့ ပြင်ဆင်


(ပြည်တွင်း) စက်တင်ဘာ ၆

နောင်ဖာရေကာတာစီမံကိန်းကို ပြန်လည်စတင်ဖို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းကို ပြန်စဖို့ ဝတပ်ဖွဲ့က ပြင်ဆင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင် ၁၂ ဦးဟာလည်း နောင်ဖာရေကာတာစီမံကိန်း နေရာကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ Shan State Frontline Investment Monitor (SSFIM) က ထုတ်ပြန်ပါတယ်။

တရုတ်စီမံကိန်းတစ်ခုဖြစ်တဲ့ နောင်ဖာရေကာတာဟာ ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ်မှာ တည်ရှိနေတာြဖစ်ပြီး တန့်ယန်းမြို့မြောက်ဘက်ခြမ်းကို “ဝ”အဖွဲ့ ထိန်းချုပ်ထားမှုကြောင့် အဲဒီပြင်ဆင်မှုဟာ ဖြစ်လာနိုင်မှုကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နမ့်မမြစ်ရဲ့ ၂၂၅ မဂ္ဂါဝပ် မန်တုံစီမံကိန်းနဲ့ သံလွင်မြစ်ရဲ့ နောင်ဖာစီမံကိန်းတို့ဟာ B.O.T စနစ်နဲ့ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ စီမံကိန်းတွေဖြစ်ပြီး အဲဒီစီမံကိန်းတွေက ထွက်ရှိလာမယ့် စွမ်းအင်ရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို တင်ပို့ဖို့ လျာထားတာတာဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN