တရုတ်က အာဖရိကစီမံကိန်းများအတွက် ဒေါ်လာဘီလီယံ ၅၀ အသုံးပြုမည်


(နိုင်ငံတကာ) စက်တင်ဘာ ၆

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးညီလာခံ (FOCAC) ကို တရုတ်နိုင်ငံ ပေကျင်းမြို၌ စက်တင်ဘာလ ၅ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီး တရုတ်အစိုးရအနေဖြင့် အာဖရိကဒေသ၌ ဆောင်ရွက်မည့် ပူးတွဲစီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ အသုံးပြုသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင် က ပြောသည်။

ထိုထိပ်သီးညီလာခံသည် ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံက လက်ခံကျင်းပခဲ့သည့် သံတမန်ရေး အခမ်းအနားများအနက် အကြီးဆုံးအခမ်းအနားဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဂုဏ်ယူစွာပြောသည်။

အာဖရိကနိုင်ငံပေါင်း ၅၀ ကျော်မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်သည့် အဆိုပါထိပ်သီး ညီလာခံက တရုတ်နှင့်အာဖရိကဒေသတိုကြား ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက အာဖရိကဒေသအပေါ် ကူညီထောက်ပံ့မှုအဖြစ် အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ရေး၊ မြေဟတ်တာ ၆,၆၇၀ ပေါ်၌ စံပြလယ်ယာစိုက်ပျိုးရေးလုပ်ကွက်များ ဖော်ဆောင်ရေး၊ စိုက်ပျိုးရေး ပညာရှင် အယောက် ၅၀၀ ကိုစေလွှတ်ရေး၊ တရုတ်-အာဖရိကစိုက်ပျိုးရေး သိပ္ပံနှင့်နည်းပညာတီထွင်ဖန်တီးမှု မဟာမိတ်အဖွဲ ထူထောင်ရေးတိုကို လုပ်ဆောင်ပေးမည်ဟု ရှီကျင့်ဖျင် ကပြောသည်။

အလားတူ နောက်တစ်ကြိမ် ထိပ်သီးညီလာခံ မတိုင်မီအချိန်အထိ စီမံကိန်း ၁၀ ခုအကောင်အထည်ဖော်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ထောက်ပံ့ ပေးသွားမည်ဟု ၎င်းက ကတိပြုထားခြင်း ဖြစ်သည်။

ယင်းထိပ်သီးညီလာခံကို သုံးနှစ်လျှင်တစ်ကြိမ် ကျင်းပ နေခြင်း ဖြစ်ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN