တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများပါဝင်သည့် စက်လှေနစ်မြုပ် ၁၂ ဦးသေဆုံး


(နိုင်ငံတကာ) စက်တင်ဘာ ၆

ပြင်သသစ်နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် စက်လှေ နစ်မြုပ်မှုကြောင့် လူ ၁၂ ဦးအထိ သေဆုံးခဲ့ကြောင်းသိရသည်။

ဒေသအာဏာပိုင်များ ထုတ်ပြန်ချက်အရ အဆိုပါစက်လှေတွင် လူ ၇၀ နီးပါးလိုက်ပါလာခဲ့ကြောင်း သိရသည်။

စက်လှေနစ်မြုပ်မှုတွင် အရေးပေါ်ကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ရပြီး လူ ၅၃ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး အချို့သူများမှာ အရေးပေါ်ဆေးကုသမှု လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းတွင် ရဟတ်ယာဉ် ၃ စင်း ငါးဖမ်းသင်္ဘော နှစ်စင်းနှင့် စက်လှေ နှစ်စင်းကို အသုံးပြုခဲ့ရကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်သည် ဗြိတိန်နိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ဝင်ရောက်ရန်ကြိုးပမ်းမှုဖြစ်ပြီး မကြာခဏ စက်လှေတိမ်းမှောက်မှုများ ဖြစ်ပွားဖြစ်ပွားခဲ့ဖူးကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြင်သစ် ပြည်ထဲရေးဝန်ကြီးက ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့ပြီး အဆိုပါတရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူများသည် အီရီထရီးယားမှ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

အလင်းရောင်

Telegram»…
https://t.me/positiveanglenews

PAN