ကျားဖြန့်လုပ်ငန်း ဆက်စပ်သံသယနဲ့ မလေးရှားဒုဝန်ကြီးဟောင်း စစ်ဆေးခံနေရ


(နိုင်ငံတကာ) စက်တင်ဘာ ၆

ကရင်ပြည်နယ်၊ မြဝတီမြို့က အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်သံသယနဲ့ မလေးရှားဒုဝန်ကြီးဟောင်း မာရှိတာ အီဗရာဟင်ဟာ စုံစမ်းစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ဒုဝန်ကြီးဟောင်း မာရှီတာအီဗရာဟင်ဟာ မြ၀တီမြို့က Dongmei အွန်လိုင်းကျားဖြန့် ဗဟိုဌာန အုတ်မြစ်ချအခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပြီး ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်တာဖြစ်တယ်လို့ သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို သတင်းတွေ ထွက်ပေါ်လာပြီးနောက် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဝန်ကြီးချုပ်ရုံးတွင် ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မာရှီတာအီဗရာဟင်ကို မလေးရှာအစိုးရက စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

မာရှီတာအီဗရာဟင်ဘက်က မိတ်ဆွေတစ်ဦးရဲ့ ဖိတ်ကြားချက်အရ အဲဒီအခမ်းအနားကို ဧည့်သည်တစ်ဦးအဖြစ်သာ တက်ရောက်ခဲ့တာဖြစ်ပြီး တရားမဝင်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါပေမယ့် မလေးရှား CID ညွှန်ကြားရေးမှူးဖြစ်သူကတော့ ၎င်းအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာမှာ မြ၀တီမှာ အိမ်ခြံမြေဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက် ရောက်ရှိခဲ့ခြင်းဖြစ်တယ်လို့ အတည်ပြုပြောကြားထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN